Topics

Building a Culture of Security

သင်တန်းအစီအစဉ် ဖော်ဆောင်မှု

အစီအစဉ်ကို ဖော်ဆောင်ပြီး ကတိပြုလုပ်ဆောင်သည့်အခါ၊ ဝန်ထမ်းအဖွဲ့အားလုံး (နှင့် စေတနာ့ဝန်ထမ်းများ) ကို အဆိုပါ အလေ့အထအသစ်များအတွက် သင်ဘယ်လို လေ့ကျင့်ပေးမလဲကို စဉ်းစားပါ။ သင်တန်း ပုံမှန်တက်စေခြင်းနှင့် သင်တန်း တက်ရောက်မှုကို မဖြစ်မနေ ပြဠာန်းခြင်းအပြင် ဝန်ထမ်းအဖွဲ့ စွမ်းဆောင်ရည် သုံးသပ်မှုများအတွက် အကဲဖြတ်အမှတ် ချမှတ်ခြင်းက အသုံးဝင်သော နည်းဗျူဟာ ဖြစ်နိုင်သည်။ လုံခြုံရေး သဘောတရားများနှင့် ရုန်းကန်နေရသော ဝန်ထမ်းအဖွဲ့အတွက် ကြမ်းတမ်းသော၊ အပျက်သဘော အကျိုးဆက်များ ဖန်တီးခြင်းကို ရှောင်ပါ။ အချို့သော ဝန်ထမ်းအဖွဲ့သည် ဒစ်ဂျစ်တယ် ကိရိယာများနှင့် အင်တာနက်အပေါ် သူတို့၏ ရင်းနှီးကျွမ်းဝင်မှု အဆင့် ကွဲပြားမှုပေါ် အခြေခံ၍ နည်းပညာအကြောင်းကို အခြားလူများနှင့် မတူကွဲပြားစွာ လက်ခံလေ့လာနိုင်သည်ကို သိထားပါ။ ပြဿနာများကို သတင်းပေးပို့ခြင်း သို့မဟုတ် အကူအညီရှာဖွေခြင်းမှနေ၍ ဝန်ထမ်းများကို နောက်ထပ် ဟန့်တားသည့်အရာမှာ မအောင်မြင်မည်ကို ကြောက်ရွံ့မှု ဖြစ်ပါသည်။ သို့ရာတွင်၊ အပြုသဘောဆောင်သော တာဝန်ယူမှုနှင့် အောင်မြင်သော သင်တန်းအတွက် ဆုချီးမြှင့်မှုများကို ဖန်တီးခြင်းနှင့် မူဝါဒများကို လက်ခံကျင့်သုံးခြင်းသည် အဖွဲ့အစည်းအနှံ့တွင် တိုးတက်မှုကို အားပေးရန် ကူညီပေးနိုင်ပါသည်။ Security First မှ Umbrella အက်ပ်၊ Free Press Unlimited နှင့် Greenhost မှ Totem Project နှင့် Global Cyber Alliance သင်ယူလေ့လာရေးပေါ်တယ်ကဲ့သို့ ဒေသန္တရ သို့မဟုတ် နိုင်ငံတကာ ဒစ်ဂျစ်တယ် လုံခြုံရေး သင်တန်းကွန်ရက်များမှတဆင့် နောက်ထပ် အဖိုးတန် အကူအညီကို သင်ရှာဖွေနိုင်ပါသည်။

Building a Culture of Security

  • Schedule regular conversations and trainings about security and your security plan.
  • Get everyone involved - distribute responsibility for implementing your security plan across the entire parliament.
  • Ensure leadership models good security behavior and a commitment to your plan.
  • Avoid fear tactics or punishment - reward improvement and create a comfortable space for staff to report problems and seek help.
  • Update your security plan annually or after major changes in parliamentary staffing, structure, or operating environment.