Building a Culture of Security
သင်၏ ပုံမှန် လုပ်ငန်းလည်ပတ်မှု ဖွဲ့စည်းပုံတွင် လုံခြုံရေးကို ပေါင်းစည်းမှု
Tactical Tech ၏ အလုံးစုံ လုံခြုံရေး လမ်းညွှန်တွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း၊ လုံခြုံရေး၏ ရှုထောင့်အမျိုးမျိုးနှင့် ပတ်သက်ပြီး ပုံမှန်၊ ဘေးကင်းသောနေရာများကို ဖန်တီးခြင်းက အခြေခံကျပါသည်။ ဤနည်းလမ်းဖြင့်၊ အဖွဲ့ဝင်အချို့တွင် လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုအချို့ရှိပါက၊ ၎င်းတို့အနေဖြင့် တပါးသူအပေါ် ယုံမှားသံသယထင်ရင်း စိုးရိမ်နေမှု လျော့နည်းပါမည် သို့မဟုတ် အခြားလူများ၏ အချိန်ကို ဖြုန်းတီးမှု လျော့နည်းပါမည်။ လုံခြုံရေးနှင့် ပတ်သက်၍ ပုံမှန် ဆွေးနွေးပြောဆိုမှုများ စီစဉ်ခြင်းကလည်း လုံခြုံရေးနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ် တုံ့ပြန်လုပ်ဆောင်မှုနှင့် ပြန်လည်တွေးတောမှု အကြိမ်ရေကို ပုံမှန်ဖြစ်စေပါသည်၊ သို့ဖြစ်ပါ၍ ကိစ္စရပ်များကို မေ့မနေတော့ဘဲ အဖွဲ့ဝင်များသည် အနည်းဆုံးအဖြစ် ၎င်းတို့၏ လုပ်နေဆဲအလုပ်တွင် တုန်လှုပ်မနေဘဲ လုံခြုံရေးကို ပုံမှန်သတိပြုမိလာနိုင်ခြေ ပိုများပါသည်။ ၎င်းကို အပတ်စဉ် ပြုလုပ်ရန် မလိုအပ်ပါ၊ သို့သော် ထပ်တလဲလဲ သတိပေးမှု ဖြစ်ပါစေ။ ဤဆွေးနွေးမှုများသည် နည်းပညာလုံခြုံရေး အကြောင်းအရာများကိုသာမကဘဲ အသိုင်းအဝိုင်း ပဋိပက္ခ၊ အွန်လိုင်း (နှင့် အော့ဖ်လိုင်း) နှောင့်ယှက်မှုကဲ့သို့ ဝန်ထမ်းအဖွဲ့ သက်သောင့်သက်သာမှုနှင့် ဘေးကင်းရေးကို ထိခိုက်သည့် ကိစ္စရပ်များ သို့မဟုတ် ဒစ်ဂျစ်တယ် ကိရိယာများ အသုံးပြုခြင်းနှင့် ဖော်ဆောင်ခြင်း ကိစ္စရပ်များအတွက်ပါ နေရာ ဖန်တီးပေးရမည်။ စကားပြောဆိုမှုများတွင် အော့ဖ်လိုင်း အွန်လိုင်း အချက်အလက် မျှဝေရေး အလေ့အထများနှင့် အလုပ်ပြင်ပတွင် ဝန်ထမ်းအဖွဲ့က အချက်အလက်များကို လုံခြုံစိတ်ချရစေသည့် သို့မဟုတ် စိတ်မချရစေသည့် နည်းလမ်းများကဲ့သို့ ခေါင်းစဉ်များပင် ပါဝင်နိုင်သည်။ တကယ်တော့ အဖွဲ့အစည်း၏ လုံခြုံရေးသည် ၎င်း၏ အားအနည်းဆုံး လင့်ခ်ကဲ့သို့ ခိုင်မာကြောင်းကို မှတ်မိရန်မှာ အရေးကြီးပါသည်။ တသမတ်တည်း အချိတ်အဆက်မိမှု ဖြစ်မြောက်ရန် နည်းလမ်းတစ်ခုမှာ ပုံမှန် အစည်းအဝေး၏ အစီအစဉ်တွင် လုံခြုံရေးကို ပေါင်းထည့်ခြင်းဖြင့် ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အဖွဲ့ဝင်များကြား လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုကို စီစဉ်ခြင်းနှင့် ဖြစ်မြောက်အောင်ဆောင်ရွက်ခြင်းအတွက် တာဝန်ယူမှုကိုလည်း သင်အလှည့်ကျပြုလုပ်နိုင်ပါသည်၊ ထိုသို့လုပ်ခြင်းက လုံခြုံရေးသည် ရွေးချယ်ခံရသူ အချို့အတွက်သာမကဘဲ လူတိုင်း၏ တာဝန်ဖြစ်သည်ဆိုသည့် စိတ်ကူးကို ကူညီဖော်ဆောင်ပေးနိုင်ပါသည်။ လုံခြုံရေးနှင့် ပတ်သက်သော ဆွေးနွေးမှုကို သင်စတင်ပုံသေဖော်ဆောင်သည့်အခါ၊ ဝန်ထမ်းအဖွဲ့သည် အဆိုပါ အရေးကြီး ကိစ္စရပ်များကို ၎င်းတို့ကြားအပြင် သမားရိုးကျသိပ်မဖြစ်သော ပုံစံများဖြင့် ဆွေးနွေးရန် ပို၍ သက်သောင့်သက်သာ ခံစားရနိုင်ခြေများပါမည်။
လုံခြုံရေး ကိစ္စရပ်များအကြောင်းကို ဝန်ထမ်းအလုပ်ခွင်ဝင်ရေးအတွင်းကဲ့သို့ အဖွဲ့အစည်း၏ ပုံမှန် လုပ်ငန်းဆောင်တာတွင်းသို့ ပေါင်းထည့်ခြင်းနှင့် အလုပ်ထွက်ရာတွင် အသုံးပြုခွင့် ဖြတ်တောက်ခြင်း ပြုလုပ်ရန်မှာလည်း အရေးကြီးပါသည်။ လုံခြုံရေးသည် စိုးရိမ်ပူပန်ရမည့် “အပိုကိစ္စ” မဟုတ်ဘဲ သင်၏ မဟာဗျူဟာနှင့် လုပ်ငန်းဆောင်တာများ၏ တစ်သားတည်းဖြစ်သော အပိုင်းတစ်ခု ဖြစ်သည်။