Topics

A Strong Foundation: Securing Accounts and Devices

နိဒါန်း

စက်များနှင့် အကောင့်များအပေါ် ဘာလို့ အာရုံစိုက်ရတာလဲ။ ၎င်းတို့က သင့်အဖွဲ့အစည်း ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် လုပ်ကိုင်သည့် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ သင်၏ စက်များနှင့် အကောင့်များတွင် ထိခိုက်မခံသော အချက်အလက်များကို အသေအချာ ဝင်ကြည့်နိုင်သည်၊ ဌာနတွင်းနှင့် ဌာနပြင်ပတွင် ဆက်သွယ်နိုင်သည့်အပြင် ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းနိုင်သည်။ ၎င်းတို့မှာ လုံခြုံစိတ်ချရခြင်းမရှိပါက၊ အဆိုပါအရာအားလုံးနှင့် အခြားအရာများက ဘေးအန္တရာယ်သင့်နိုင်ပါသည်။ 

ဥပမာ၊ ဟက်ကာများက သင်၏ ကီးဘုတ်ရိုက်ချက်များကို ကြည့်နေ သို့မဟုတ် သင်၏ မိုက်ခရိုဖုန်းကို နားထောင်နေပါက၊ သင်၏ သတင်းစကားပေးပို့အက်ပ်များ မည်မျှ လုံခြုံစိတ်ချရပါစေ သင်၏ စကားပြောဆိုမှုများကို ဖမ်းယူသိရှိသွားပါမည်။ သို့မဟုတ် ရန်သူသည် သင့်အဖွဲ့အစည်း၏ လူမှုမီဒီယာအကောင့်များကို ဝင်သုံးခွင့် ရယူပါက၊ ၎င်းတို့က သင့်အလုပ်၏ အောင်မြင်မှုကို လျော့ပါးစေခြင်းဖြင့် သင်၏ ဂုဏ်သတင်းနှင့် အများယုံကြည်လက်ခံနိုင်မှုကို အလွယ်တကူ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ သင့်စက်များနှင့် အကောင့်များကို ဘေးကင်းလုံခြုံစွာထားရန် လူတိုင်းက ရိုးရှင်းပြီး ထိရောက်သောအဆင့်များကို လုပ်ဆောင်နေကြောင်း သေချာစေရန်မှာ သင့်အဖွဲ့အစည်းအတွက် အဓိကအချက် ဖြစ်ပါသည်။ အဆိုပါ အကြံပြုချက်များတွင် ကိုယ်ပိုင်အကောင့်များနှင့် စက်များအပြင် ရန်သူများအတွက် လွယ်ကူသော ပစ်မှတ်များဖြစ်တတ်သည့် အရာများ ပါဝင်သည်ကို မှတ်ထားရန်မှာ အရေးကြီးပါသည်။ သင့်အဖွဲ့သည် ဆက်သွယ်ပြောဆိုရန်နှင့် အရေးကြီး အချက်အလက်များကို ဝင်ကြည့်ရန် ကိုယ်ပိုင်အကောင့် သို့မဟုတ် အိမ်သုံးကွန်ပျူတာကို အသုံးပြုနေပါက ဟက်ကာများသည် အလွယ်ဆုံးပစ်မှတ်ကို ဝမ်းပမ်းတသာ အရင်ဆုံးဝင်ရောက်ပြီးနောက် ၎င်းတို့ကို ထိုးဖောက်ဝင်ရောက်ပါသည်။